December 27, 2009
Posted by Ye Myat
Blog revamped
ကျွန်တော့်ရဲ့ ဘလော့ကို လုံးဝအသစ်ပြန် စလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ အသစ်ပြန်စချင်လို့ပါ။ တကယ်ပြောတာ။ အမှန်ကတော့ ဒီဇိုင်းလောက်ပဲ ပြောင်းမလို့ပါပဲ ဒါပေမယ့် လုပ်နေရင်းကနေ အဟောင်းကို ဆက်လုပ်ဖို့ စိတ်မပါပဲ အသစ်ကနေပြန်စချင်စိတ်တွေ ပေါ်လာလို့ အဲဒီ စိတ်ကူးကိုပဲ အကောင် အထည်ဖေါ်လိုက်ပါတယ်။ အရင် ပို့စ်အဟောင်းတွေကို လုံးဝ ဖျက်လိုက်တာတော့ မဟုတ်ပါဘူး။ ဒီနေရာမှာ ဆက်ကြည့်လို့ရပါသေးတယ်။ နောက်ပြီးတော့ ဒီဇိုင်းတင်မကပဲ ကျွန်တော့် စာရေးသားပုံကိုပါ အပြောင်းအလဲဖြစ်အောင် ကျွန်တော် ကြိုးစားနေပါတယ်။ အရင်ကလိုမျိုး Guide ဆန်ဆန် စာလိုမျိုးတွေ သိပ်မရေးတော့ပဲ ကျွန်တော် လက်ရှိစိတ်ဝင်စားတာတွေ၊ ကျွန်တော့်စိတ်ထဲတွေ့တာတွေကို အသားပေးပြီးဖို့ စိတ်ကူးနေပါတယ်။ ဥပမာ ကျွန်တော့် တစ်နေ့တာ အတွေ့အကြုံတွေထဲက တစ်ခုခု ဒါမှမဟုတ် လက်ရှိကျွန်တော့်ကို စိတ်ဝင်စားစေတဲ့ သတင်းမျိုး၊ ဒါမှမဟုတ် သီချင်း အဲဒီလိုမျိုးလေး တွေနဲ့ ပြန်စလုပ်ချင်ပါတယ်။ တကယ်တော့ တစ်မျိုးထဲကို အကြာကြီး လုပ်ရတဲ့အခါကျ ပျင်းလာပါတယ်။ အဲဒါကြောင့်လဲ ကျွန်တော်ကြားထဲမှာ အကြာကြီးပဲ စာမရေးဖြစ်ပဲ ရပ်ထားမိတာပါ။
နောက်ပြီးတော့ ဘလော့ဂါ အသိုင်းအ၀ိုင်းနဲ့လဲ ကျွန်တော် အဆက်အသွယ် ပြတ်နေပါတယ်။ အဲဒါလေးလဲ ပြန်ပြီးတော့ အဆက်အသွယ် လုပ်ချင်ပါတယ်။ =) အခုလက်ရှိတော့ ကျွန်တော့်ဘလော့ကို ရှင်းရှင်းလေးနဲ့ plug-in တွေ နည်းနိုင်သမျှ နည်းအောင် လုပ်ထားကြည့်တယ်။ အဆင်မပြေတာရှိရင် အောက်က ကွန်းမင့် ဆက်ရှင်မှာ ၀င်ပြီးတော့ ပွားပေးလို့လဲ ရတယ်။ ကျေးဇူးပါပဲ။
ဘလော့ အဟောင်းကို ကြည့်ချင်ရင်: http://atomicdevelopment.net/blog2
No Comments Yet
You can be the first to comment!
Leave a comment