R Blog

A Weblog of Ye Myat

  • Blog Tech, Music, Life
  • About the author
  • Archive of all posts

January 4, 2010
Posted by Ye Myat

2010 – An Exciting Year

၂၀၁၀ က ရောက်နေပါပြီ။ ၂၀၁၀ မှာ ထွက်မယ်လို့ ကြေညာထားတဲ့ (မျှော်လင့်ထားရတဲ့) Gadgets တွေအများကြီးပါပဲ။ အနီးစပ်ဆုံး ဒီလအတွင်းမှာ ထွက်ဖို့ သေချာနေတဲ့ Google ရဲ့ Nexus One ဖုန်း၊ နောက်ပြီးတော့ ဒီလ ထဲမှာပဲ ကြေညာဖို့ ရှိနေတဲ့ Apple ရဲ့ Tablet၊ နောက်တစ်ခါ မရေမရာ သတင်း တွေထွက်နေတဲ့ Apple ရဲ့ iPhone OS 4.0 တို့က ကျွန်တော့်ကို စိတ်လှုပ်ရှားအောင် လုပ်နေတာ အမှန်ပါပဲ။

Google’s Nexus One

Google ရဲ့ Nexus One အကြောင်းက အင်တာနက်ပေါ်မှာ ပလူပြန်နေအောင်ကို မြင်နေရပါတယ်။ Nexus One အပေါ်မှာ ဂူဂယ်လ်က Apple လိုမျိုး သိုသို သိပ်သိပ် သိပ်မရှိပါဘူး။ Google က သူ့ရဲ့ Employees တွေကို နမူနာ ဖုန်းတွေ ပေးသုံးထားတော့ အဲဒီကနေ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ သတင်း အချက်အလက်တွေ ထွက်နေပါတယ်။ အခု နောက်ဆုံးဆိုရင် ကျွန်တော် ဖတ်နေကြ Engadget မှာ နမူနာ ဖုန်းတစ်လုံးရောက်နေပါပြီ။ နောက်ပြီးတော့ ဒီလာမယ့် သဘက်ခါ (ဇန်န၀ါရီ ၅ ရက်) မှာ Google က Nexus One အကြောင်းကို အသေးစိတ် တရားဝင် သတင်းထုတ်ပြန်တာ လုပ်ပါလိမ့်မယ်။ အပြင်မှာလည်း သတင်းက အစုံနီးပါးကို ထွက်ပြီးနေပါပြီ။

Google ရဲ့ Nexus One ကို စမတ်ဖုန်းတွေ ထုတ်တဲ့ ထိုင်ဝမ် အခြေစိုက် HTC ကထုတ်မှာ လို့သိရပါတယ်။ ပြီးတော့ Google ရဲ့ Android OS 2.1 နဲ့ လာမှာဖြစ်ပါတယ်။ Touch Screen ပါပေမယ့် iPhone လိုမျိုး Multi touch တော့ မရပါဘူး။ Locked အပြင် Unlocked အနေနဲ့လဲ ရောင်းမယ်လို့ သိရတယ်။ Locked version ကို ဒေါ်လာ ၁၇၉ .၉ ၉  ( T-Mobile နဲ့ ၂ နှစ် စာချုပ်) နဲ့ Unlocked Version ကို ၅၂၉ .၉ ၉  ဒေါ်လာ (Online Price) နဲ့ ရောင်းပါမယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ ၀ယ်ချရင် unlocked version ကိုပဲ ၀ယ်ရဖို့ များပါတယ်။ အသေးစိတ် အချက်အလက်ကို အောက်မှာ တစ်ချက်လေ့လာ လိုက်ပါ။ (Source: Engadget.com | Read full specs here)

  • Android 2.1
  • 11.5mm thick
  • 1GHz Snapdragon CPU
  • 512MB RAM, 512MB ROM, 4GB microSD in-box expandable to 32GB
  • 5 megapixel camera with mechanical AF and LED flash
  • HSPA 900 / 1700 / 2100, 7.2Mbps down and 2Mbps up
  • 3.7-inch WVGA AMOLED display (480×800)
  • Light sensor, proximity sensor, and accelerometer

ကျွန်တော် သိချင်သေးတာတွေကတော့ တကယ်လို့ Google က Nexus One ကို Online က နေရောင်းတဲ့အခါကျ Warranty အတွက် နောက်ပြီး Customer support တွေကို ဘယ်လို လုပ်ပေးမယ်ဆိုတာပါ။ ကျွန်တော်တို့လဲ အာရှမှ နေတဲ့ သူတွေအတွက်က တစ်ခါတစ်လေကျရင် US မှာလောက် သိပ်ပြီး အခွင့်အရေး မရတတ်ပါဘူး။

Apple’s Tablet

နောက်တစ်ခါ စိတ်ဝင်စားစရာကတော့ Apple ရဲ့ Tablet ပါပဲ။ Apple ကတော့ သူတို့ရဲ့ ထုံးစံအတိုင်း သတင်းကို အမှောင်ချထားပါတယ်။ ပုံစံဒီဇိုင်း၊ ဟာ့ဒ်ဝဲ အချက်အလက် တစ်ခုမှကို မထွက်သလောက်ပါပဲ။ ထွက်နေသမျှ ပုံတွေ အကုန်လုံးကလဲ တစ်ခြား ဒီဇိုင်းနာတွေက စိတ်ကူးနဲ့ မှန်းပြီး ဆွဲထား တာတွေပါပဲ။ ဒီ ဇန်န၀ါရီ လထဲမှာတော့ တရားဝင် သတင်းထုတ်ပြန်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီတော့ Apple Tablet ရဲ့ rumors တွေပဲ အရင်ပြောကြတာပေါ့။ မျက်နာပြင် အရွယ်အစားက ၁၀.၁ လက်မ ရှိတယ်လို့ သတင်းထွက်ပါတယ်။ OS ကတော့ iPhone OS ဖြစ်မလား ဒါမှမဟုတ် Snow Leopard ကိုပဲ ပြင်ထားတဲ့ဟာဖြစ်မလား တစ်ခုခုပါပဲ။ Screen တစ်ခုလုံးကတော့ Multi-touch ရပါတယ်။ တရုတ်ပြည်ရဲ့ Google president အဟောင်းရဲ့ Twitter အရ  Tablet ဟာ အတော်လှတယ်လို့ ရေးထားပါတယ်။ နောက်ပြီး Steve Jobs (Apple’s CEO) ကလဲ ဒီလာမယ့် Tablet အတွက် အလွန်အမင်းကို ကျေနပ်ပြီး စိတ်လှုပ်ရှားနေတယ်လို့လဲ ဖတ်ရပါတယ်။

နာမည်ကိုလဲ အခုအချိန်အထိ သေချာ မသိရသေးပါဘူး။ iSlate လို့ ခေါ်မယ်လို့လဲ ထင်ရတယ်။ Wifi တော့ ပါဖို့ သေချာပြီး Mobile Internet အတွက် 3G connection လိုမျိုး ပါမပါတော့ မသိပါဘူး။ ဒီ Tablet ရဲ့ ရည်ရွယ်ချက်က Netbooks တွေနဲ့ Amazon Kindle လိုမျိုး eBook reader တွေကို ယှဉ်ပြိုင်ဖို့ ဖြစ်ပါတယ်။

နောက်ဆုံး သတင်းက Tablet နဲ့ သိပ်ပြီးတော့ မပါတ်သတ်ဘူးလို့ ပြောလို့ရပေမယ့် နည်းနည်းတော့ သက်ဆိုင်လို့ ရေးထားလိုက်ပါတယ်။ Apple က iWork ကို Cloud based ဖြစ်အောင် လုပ်နေတဲ့ အဆင့်မှာ ရှိတယ်လို့ သိရပါတယ်။

iPhone OS 4.0

ဒါကတော့ ခပ်ရေးရေးလောက်ပဲ ကြားရသေးတဲ့ သတင်းပါ။ Macrumors.com မှာ တင်ထားတဲ့ သတင်းတစ်ပုဒ်အရ iPhone OS 4.0 ကို စမ်းသပ်နေတဲ့ အထောက်အ ထားတွေ တွေ့ရတယ်လို့ ရေးထားပါတယ်။ ဒီသတင်းကတော့ ဒီလောက်ပါပဲ။ iPhone OS 4.0 မှာ ဘာ features တွေ အသစ်ပါမလဲ ဆိုတာကအစ အကုန်လုံး မသိနိုင်သေးပါ။

နောက်ထပ် iPhone နဲ့ ဆက်စပ် သတင်းတစ်ခုကတော့ Apple က iPhone 3Gs ကို 8GB အနေနဲ့ပါ ရောင်းဖို့ အစီအစဉ် ရှိနေပုံ ရတယ်လို့ သိရပါတယ်။ [Link]

Reference

  • Engadget.com
  • Mashable.com
  • Appleinsider.com
  • Macrumors.com
  • Apple.com

No Comments

Posted Under Apple Gadgets News Rumors

No Comments Yet

You can be the first to comment!

Leave a comment

* = Required

    • Posts
    • Twitter
    • Flickr
     

    iPhone 4 Is Her...

    Apple

     

    How to install ...

    Tips

     

    If God Were On ...

    Facebook

    @winlwinmoe deal :D

    follow me on
    twitter

    Sorry... I have not set my Flickr
    account up yet
  • Categories

    • Apple
    • Apps
    • Blog
    • Facebook
    • Gadgets
    • Google
    • Malaysia
    • Me
    • Microsoft
    • Mobile Phone
    • Music
      • Music Video
    • My Thoughts
      • Beef-ing
    • News
    • Photography
    • Rumors
    • Speical Event
    • Tips
    • Travel
    • Video
    • Wish List
  • Archives

    • 2013
      • January
    • 2010
      • January
      • February
      • March
      • May
      • August
      • September
    • 2009
      • February
      • December

This site is using the Handgloves WordPress Theme
Designed & Developed by George Wiscombe

Subscribe via RSS