R Blog

A Weblog of Ye Myat

  • Blog Tech, Music, Life
  • About the author
  • Archive of all posts

March 4, 2010
Posted by Ye Myat

My Thoughts: Copy Cats

ဒီ ပို့စ်က ကျွန်တော်နဲ့ ဆိုင်တယ်ပြောလို့ရသလို မဆိုင်ဘူးလဲ ပြောလို့ရပါတယ်။ စိတ်ထဲမှာ အဖု အထစ်လးဖြစ်နေလို့ ရေးချလိုက်တာ။ ဒီနေ့ ကျွန်တော့်ကို အွန်လိုင်းမှာ ဆဲသွားတဲ့ အဲဒီ ပုဂ္ဂိလ် ကောင်းထက်ကို အကြောင်းပြန်တဲ့ စာလဲဟုတ်တယ်။ Category ကိုတော့ Beef-ing လို့ ပေးထားလိုက်တယ်။ ကွန်ပြူတာနဲ့ ပါတ်သတ်တဲ့ ပိုစ့်မဟုတ်တဲ့အတွက် စိတ်မ၀င် စားရင်တော့ ကျော်ဖတ်သွားလိုက်ပါ။ ကဲ စပြီ။

ဇာတ်လမ်းက ဒီကဒီလို စခဲ့ပါတယ်။ ကျွန်တော့် ဘလော့ဂါ သူငယ်ချင်း ကိုထူးတေဇာက ဖေဖော်ဝါရီလ ဒုတိယ ပတ်လောက်မှာ ဂူဂယ်ရဲ့ Buzz အကြောင်းကို Privacy ကြောင်းအရ သူ့အမြင်ကို သူ့ ဘလော့ပေါ်မှာ ရေးခဲ့ပါတယ်။ အဲဒါကိုမှ လူတစ်ချို့ ထုံးစံအတိုင်း အီးမေလ်းနဲ့ forward တွေ လျှောက်ပို့ကြတယ်။ ထုံးစံအတိုင်းပဲ ကိုတေဇာကို ပြန်ပြီးတော့ Credit မပေးထားလိုက်ဘူး။ ဒါတင်မကပဲ အဲဒီ ပိုစ့်ကိုပဲ မြန်မာပြည်က Ning network တွေမှာ ထပ်တင်ကြပြန်တယ်။ အဲဒီမှာလဲ တစ်ခါ credit ပေးတာ မရှိပြန်ဘူး။

ဒါကို ကိုတေဇာက သိသွားတော့ တောင်းဆိုတဲ့အတွက် တစ်ချို့က ပြန်တောင်းပန်ပြီး ကျေအေးခဲ့ပါတယ်။ ဒါပေမယ့် တစ်ယောက် ကတော့ တောင်းပန် ဖို့ နေနေ သာသာ  ပြန်ပြီးတော့တောင် ကောလွတ်လိုက်သေးတယ်။ အဲဒီမှာ ဇာတ်လမ်းက စတာပါပဲ။ အဲဒီ ပုဂ္ဂိလ်က ကိုတေဇာရဲ့ ပိုစ့်ကို သူကိုယ်တိုင် ရေးတာပါ၊ အဲဒီအတွက် သူ့အသက်နဲ့ ထပ်ပြီးတောင် လောင်းရဲပါတယ်ဆိုပြီး စိန်ခေါ်လာခဲ့တယ်၊ ကျွန်တော်တို့ တစ်ခြား ဘလော့ဂါတွေနဲ့ ကိုတေဇာ့ကို ခင်တဲ့သူတွေက အဲဒီလူရဲ့ ning network မှာ သွားပြီး အကျိုး အကြောင်း ခိုင်လုံစွာနဲ့ သူ ကူးချထားတာပါလို့ ၀ိုင်းလဲပြောကြရော အဲဒီ ပိုစ့်ကြီးကို လုံးဝ ဖျက်ချလိုက်ပါရော။ နောက်ပြီးတော့ သူ့ profile page မှာ ကျွန်တော်တို့ ရေးထားတဲ့ တောင်းပန်ဖို့ comment တွေကိုလဲ ဖျက်ပစ်ခဲ့ပါတယ်။ ဒါက သူ မဖျက်ခင် Screen shot ရိုက်ထားတာပါ။

အဲဒီ ပုဂ္ဂိလ်က တကယ်တော့ မြန်မာချစ်သူများ ဆိုတဲ့ Ning network က Admin တစ်ယောက်ပါ။ Nick ကတော့ Mr.Leon လို့လဲ သိရတယ်။ နာမည်ကတော့ ကောင်းထက်လို့ ယူဆရတယ်။

vအဲဒါနဲ့ပဲ ဇာတ်လမ်းက ဒီလိုနဲ့ ပြီးသွားမလို ဖြစ်ခဲ့ပေမယ့် မပြီးခဲ့ပါဘူး။ ကျွန်တော့်ကြောင့်ပါ။ ဘာလို့လဲဆိုတော့ ဒီလို မတရားတာကို လွယ်လွယ်နဲ့ အဖျားရှူးပြီး မပြီးသွားစေချင်လို့ပါ။

ကျွန်တော် ၂ ရက်တစ်ခါလိုလို သူ့ profile ကိုသွားပြီး သူ စာနဲ့ စော်ကားထားတဲ့ ကိုတေဇာ့ကို ပြန်တောင်းပန်ဖို့ သွားသွားပြီး သတိပေးနေခဲ့တယ်။ မနေ့ညကတော့ ကြည့်ရတာ ဒီ ပုဂ္ဂိလ် သီးမခံနိုင်တော့ဘူး ထင်ပါတယ်။ ကျွန်တော့် profile page မှာ ဒီလို လာရေးသွားပါတယ်။ သူကတော့ အဲဒီအထိကို မလျှော့သေးပါဘူး။ စာကို သူရေးတာပါပဲ ငြင်းနေပါသေးတယ်။

ဒီနေရာမှာ ကျွန်တော် သူ့ကို နားမလည်နိုင်တော့ပါဘူး။ ဘာလို့ သူက အတင်းကို သူရေးတယ်ပဲ ငြင်းနေလဲ။ သူရဲ့ ပိုစ့်တက်တဲ့ နေ့က ဖေဖော်ဝါရီ ၁၈ ရက်ထင်တယ်။ ကိုတေဇာ တင်ခဲ့တဲ့နေ့က ၁၂ ရက်နေ့ကပါ။ မှတ်မှတ်ရရ Google Buzz ထွက်ပြီးပြီး ၁ ရက်ခြားပြီးပဲ ရေးခဲ့တာပါ။ စဉ်းစားကြည့်ပါဗျာ၊ စာလုံးတစ်လုံး မကျန် တူနေတဲ့ ပိုစ့် ၂ တွေ့ရင် အွန်လိုင်းကိုတက်လာတဲ့ ဘယ်တစ်ခုက အစစ်ဖြစ်မလဲဆိုတာ။ နောက်ပြီး Leon ရဲ့ တစ်ခြား post တွေအတော်များများကလဲ ကူးထားတာတွေကြီးပါပဲ။

Leon တို့ဖက်က သူများကိုပဲ တစ်ချိန်လုံး လက်ညိုးထိုးပြီး Proof ပဲ ပြခိုင်းနေပါတယ်။ သူတို့ဖက် Proof ဆိုတာ မရှိပါဘူး။ ကျွန်တော်တို့ ပြတဲ့ proof တွေကိုတော့ ဖျက်ပစ်ခဲ့ပြီး မသိချင်ယောင် ဆောင်နေပါတယ်။

ကျွန်တော် သူ့ကို ဆက်သွယ်တဲ့အခါမှာ ကျွန်တော့်ကို အဆင့်မရှိဘူး (လူကြီးလူကောင်း မပြီသဘူး) လို့ စွတ်စွဲခဲ့တဲ့ Leon ကိုယ်တိုင်က ကျွန်တော့်ကို မိဘတွေနဲ့ပါ ကိုင်ပြီး ဆဲပါတယ်။ Screen shot တွေကို ဒီမှာ Download လုပ်ကြည့်ပါ။

ခုနကပဲ သူတို့ရဲ့ ning network က Site နဲ့ ပါတ်သတ်တဲ့ ဝေဖန်ပေးပါဆိုတဲ့ Post မှာ ဒီပြဿနာကို ဖြေရှင်းပေးဖို့ တောင်းဆိုထားတာကို နောက်ထပ် Admin တစ်ယောက်ဖြစ်တဲ့ “လဲ့” ကစာပြန် ရေးထားပါတယ်။ သူကပါ Leon ကို အကာအကွယ်ပေးပြီး ကျွန်တော်တို့ကို proof ထပ်တောင်းနေပြန်ပါတယ်။ စိတ်တောင် နည်းနည်းလေသွားတယ်။ ဒီလောက်တောင်ပဲ အမှန် တရားကို လက်ခံဖို့ ခက်ခဲသလား။ အသိခေါက်ခက် အ၀င်နက်ဆိုသလို ဖြစ်နေပါပြီ။ ရှက်ရမ်း ရမ်းရင်းနဲ့ပဲ ဆက်လုပ်နေကြလားလို့ တွေးမိတယ်။

ဒီနေရာမှာ လူကြီးလူကောင်း ပီသပါဆိုတဲ့ သူတို့ရဲ့ အသုံးအနှုံးကို ပြောချင်ပါတယ်။ မြန်မာချစ်သူများကသာ လူ ကြီးလူကောင်း ပီသတယ်ဆိုတာ ဘာလဲသိသင့်ပါတယ်။ သူများရဲ့ မူပိုင် စာစုကို သဘောကျလို့ ကိုယ့် website မှာ ပြန်ပြီး ဖြန့်ဝေချင်ရင် မူလ စာရေးသူကို Credit ပေးရတယ်ဆိုတဲ့ လူကြီးလူကောင်း ပီသမှုပါ။

ဒါတောင်မှ Citation ပေးတာ မပါသေးပါဘူး။ ဘယ်နေ့ဘယ်အချိန်က ဘယ်လိပ်စာကနေ ဒီ information ကို ကူးယူခဲ့တယ်ဆိုတဲ့ proper referencing မပါသေးဘူး။

ကျွန်တော့်ကို မေးကောင်းမေးချင်ကြလိမ့်မယ်။ ဒီကိစ္စက ကျွန်တော်နဲ့ တိုက်ရိုက် ပါတ်သတ်ခဲ့တာ မဟုတ်ပဲနဲ့ ဘာလို့ ၀င်ပါနေခဲ့ရတာလဲပေါ့။ အဖြေက ရှင်းပါတယ်။ မတရားမှုကို သီးမခံနိုင်တာရယ်၊ လူတစ်ယောက်ရဲ့ ဖန်တီးမှုကို တန်ဖိုးထားတာရယ် ကြောင့်ပါ။

Blog လေးတစ်ခုကို သေချာ ရေးဖူးတဲ့သူတွေဆိုရင် ဖန်တီးမှုရဲ့ တန်ဖိုးကို ကောင်းကောင်းကြီးသိပါတယ်။ ကျွန်တော်တို့က ပိုစ့်တစ်ခု တင်တော့မယ်ဆိုရင် သေချာ ပြင်ဆင်ရပါတယ်။ မသိသေးတာဆိုရင် စာလိုက်ဖတ်ပါတယ်။ Screen Shot တွေ ဆိုရင်လဲ သေသေချာချာ သေသေသပ်သပ်ဖြစ်အောင် လုပ်ပေးပါတယ်။ ကိုယ့်ရဲ့ Blog ကို လာပြီး ဖတ်တဲ့သူ အဆင်ပြေအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ အများကြီး အပင်ပန်းခံရပါတယ်။ မြန်မာလို ပိုစ့်ဆိုရင် ကြည့်ရတာ ရှင်းပြီး ဖတ်လို့ကောင်းအောင် သေချာ text alignment ကို ညှိပေးရပါတယ်။ ပြီးရင် သူနဲ့ သက်ဆိုင်ရာ လိပ်စာတွေ ပါခဲ့ရင် link လုပ်ပေးပါတယ်။ ပြီးခဲ့ရင် preview မှာကြည့်ပြီး လိုတောတွေ ထပ်ထည့်ရပါတယ်။ Post တစ်ခု တင်မယ်ဆိုရင် အချိန်တွေ ဘယ်လောက်ကုန်လဲဆို ကျွန်တော်တို့ သိပါတယ်။ ဒီလို အသေအချာလေး လုပ်ထားတာကိုမှ ဖြစ်ကတတ်စမ်း ကူးသွားပြီး ဒီအတိုင်း paste လုပ်ပြီး သူတို့ ရေးတာပါလို့ နာမည်ယူနေတာဟာ ဘယ်လောက် ခံပြင်းစရာကောင်းလဲ တွေးကြည့်ကြပါ။ ပြီးတော့ သူတို့ပဲ ရေးသယောင်ယောင်နဲ့ ကျန်တဲ့သူတွေ ၀ိုင်းအားပေးတာကို မျက်နှာပြောင် တိုက်ပြီး နေလိုက်ပါသေးတယ်။

Leon ပြောသွားသလို မင်းတို့တွေလဲ အားလုံး တိုက်ရိုက်ကူးတွေပဲ ဆိုတာကို ရှင်းပြပါမယ်။ ကျွန်တော့်အတွက်တော့ မဟုတ်ပါဘူး။ ကျွန်တော့် ပိုစ့်တွေမှာ တစ်ချို့တွေက ကိုယ်တိုင် အတွေ့အကြုံတွေရှိပါတယ်၊ တစ်ခါတစ်လေမှာ တစ်ခြား site တွေမှာ စိတ်ဝင်စားစရာတွေ့ရင် ဘာသာပြန်ပြီး ရေးတာလဲ ရှိပါတယ်၊ တစ်ခါ ဥပမာအနေနဲ့ ကျွန်တော် ကျွန်ပြူတာသုံးနေရင်း အဆင်မပြေတာ တစ်ခုရှိခဲ့ရင် အဖြေ solution ကို လိုက်ရှာပါတယ်၊ တွေ့တဲ့အခါမှာ အဲဒီ post ကိုပဲ မှီငြမ်းပြီး ရေးတာလဲ ရှိပါတယ်။ ပို့စ်တွေရဲ့ အောက်မှာ အမြဲနီးပါး Reference ထည့်ပေးပါတယ်။ Credit ပေးသင့်ရင် ပေးပါတယ်။

ကျွန်တော်က ၂၀၀၇၊ ၂၀၀၈ လောက်မှာ ဘလော့ဂ် တော်တော်ကို ရေးခဲ့ပါတယ်။ ကံကောင်းချင်တော့ အဲဒီအချိန်မှာတုန်းက အခုလို Ning Network တွေ မှိုလို မပေါက်သေးပါဘူး။ အခုချိန်မှာတော့ အကြောင်းကြောင်းကြောင့် အရင်လို စာမရေးနိုင်တဲ့ အချိန်နဲ့ အခု လို Ning တွေ Forward mail တွေ ခေတ်ဖြစ်တဲ့အချိန်နဲ့ ကွက်တိဖြစ်နေလို့ ကျွန်တော့် Post တွေ သိပ်ပြီး အကူးမခံရတော့ပါဘူး။ ဒါတောင်မှ လွန်ခဲ့တဲ့ ၃ ရက်လောက်က အားနေတာနဲ့ ကျွန်တော့် Post အဟောင်းလေးတွေကို အစပိုင်းလောက် ကူးပြီး Google မှာ ရှာကြည့်တော့ အခြား blog တစ်ခုမှာ ကူးပြီး တင်ထားတာတွေ့တယ်။

တစ်ချို့ကတော့ ကျွန်တော့် Blog အထိ လိပ်စာပြန်ချိတ်ပေးထားတယ်၊ တစ်ချို့ကတော့ “R Blog မှ ကူးယူဖော်ပြပါသည်” လို့ ရေးထားပြီး တစ်ချို့ကတော့ ဘာမှ credit ပေးချင်း မရှိတဲ့အပြင် Title တွေပြင်၊ Post ထဲမှာပါတဲ့ ကျွန်တော်နဲ့ ပတ်သတ်မှုတွေကိုပါ ဖျက်လို့ ဖျက်လုပ်ထားပါတယ်။ Blog တစ်ခုကတော့ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျွန်တော့် ပိုစ့်ကို လုံးဝ ကူးထားပြီးတဲ့အပြင် Screen Shot မှာပါတဲ့ watermark လေးတွေကိုတောင် သူ့နာမည်နဲ့ အတင်း ပြင်ထားလိုက်ပါသေးတယ်။ ဒီမှာ ကြည့်လို့ရပါတယ်။

Ning Network တွေပေါ်လာတာ ကောင်းသလို မကောင်းလဲ မကောင်းပါဘူး။ မြန်မာပြည်ကလူတွေ အင်တာနက်နဲ့ ပိုပြီး အထိအတွေ့ ရှိတာ တွေ့ရတာလဲ ၀မ်းသာစရာပါ။ ကျွန်တော့်တုန်းကလဲ ဒီလိုပဲ အင်တာနက်ပေါ်ကနေပဲ အများကြီး သင်ယူခဲ့ တာပါပဲ။ မသိတဲ့သူတွေကို သိပ်မသိတဲ့သူတွေကပဲ လူတတ်ကြီးလုပ်ပြီး လက်ခုတ်ချူစားနေတာကတော့ ကြည့်မကောင်းပါဘူး။ မှားနေတာကို ထောက်ပြတော့မှ လက်မခံ ပဲ ပြန်ဆဲ လွှတ်တာ ကတော့ တော်တော် အောက်တန်းကျတယ်ပဲ ပြောရမှာပဲ။ အင်တာနက်ပေါ်မှာ လိုက်နာရမယ့် ကျင့်ဝတ် စည်း ကမ်းတွေ ဘာမှ မသိကြပါဘူး။

ပြောချင်တာပြောလိုက်ရလို့ စိတ်ထဲတော့ နည်းနည်း ပေါ့သွားပြီ။ ဖြစ်နေတဲ့ ပြဿနာလဲ ပြီးတော့မှာပါ။ ပြီးသွားပါပြီ။

ရဲမြတ်
၎၊ ၃၊ ၂၀၁၀
၁၂ နာရီ ၃ မိနစ်

6 Comments

Posted Under Beef-ing My Thoughts

6 Comments

  1. ဝေဖြိုး
    March 4, 2010

    မြန်မာဘလော့ဂ်လောကရဲ့ အဓိကပြဿနာပါပဲ။ အချိန်ယူပြီး ပညာပေးရင်တော့ ဒါမျိုးတွေနည်းလာနိုင်ပါတယ်။ အခုရေးထားတဲ့ပို့စ်လိုမျိုးပေါ့။ သူတို့လည်း နောက်တော့ ရှက်တတ်လာမယ်ထင်ရတာပဲ။

    Keep it going. You’ve got a great blog.

  2. ပီနောင်
    March 4, 2010

    အက်ဒ်မင် ဆိုတော့ ရှက်ပြီး ဖင်ပိတ်ငြင်းနေတာနေမှာပေါ့…..ခုနောက်ပိုင်း ဖိုရမ်တွေမှာ အက်ဒမင် ဖြစ်လာတဲ့ လူတော်တော်များများက သူတို့ကိုယ်သူတို့ အာဏာရှင်နည်းနည်း မှတ်လာသလို ဖိုရမ်ထဲ ဝင်ရေးနေကြတဲ့ လူများကလည်း ဘုမသိဘမသိနဲ့ မြျှောက်ပေးတာတွေကြောင့် ဘာတွေ ဘယ်လို မာန်တက်နေမှန်းကို မသိဘူး……..အဲဒါကြီးက ထူးတေဇာ ရေးတင်ပြီးပြီးချင်း ချက်ခြင်း ဖတ်လိုက်ရတယ်…….ဂိုဂယ်ဘပ်ဇ် ထွက်ပြီးတော့ လင်းဆက်တို့က မကောင်းဘူး ဘာညာပြောလို့ ဟိုကြည့်ဒီကြည့် လိုက်ကြည့်ရင်း ထူးတေဇာ ပို့စ်သိပ်မကြာဘူးတက်လာလို့ ချက်ခြင်းဖတ်လိုက်ရတယ်…..အဲဒါကို သူ့အသက်နဲ့တောင် လောင်းကြေးထပ်ပြီး လောင်းရဲတယ်ဆိုတော့ အဖမ်းမခံရဘူးဆိုရင် လည်လှီးပြီး သတ်ပြစ်လိုက်ချင်တယ် ….သောက်ရှက်ကို မရှိဘူး

  3. လင်းဦး(စိတ်ပညာ)
    April 3, 2010

    Ning ကနေ နည်းပညာတွေ ဖြန့်ဝေကြတာကောင်းပေမယ့် ဒီလို လုပ်ရပ်တွေကိုတော့ ရှုတ်ချရမယ်.. ခက်တယ်ဗျာ…

    “မြန်မာ Ning ဆိုက်များအား ဂုဏ်သိက္ခာရှိရှိ ရပ်တည်စေလို” http://linoo.myanmarbloggers.org/2010/03/ning.html

  4. Ye Myat
    April 3, 2010

    ဟုတ်ပါတယ် ကိုလင်းဦး။ အစ်ကို့ ပို့စ်ကိုလဲ ဖတ်လိုက်ရပါတယ်။ သူတို့ကို နည်းပညာ ကြွက်စုတ်တွေလို့ ခေါ်ရမယ်ထင်ပါတယ်။

  5. ChristopherEmoracket
    April 5, 2010

    အင်း…. ကွန်တော် တောင် ဝင်ဟောက်ခဲ့သေးတယ် =D ခုတော့ ဖြတ်သွားပြီ

  6. ZaunG
    April 8, 2010

    အင်းဗျာ…
    ကြားထဲက ကျွန်တော့်နာမည်ကို တွေ့လိုက်တော့ ဘုမသိဘမသိ ဖြစ်သွားတယ်။ ကျွန်တော်နဲ့ အဲ့ဒီကောင်လေး နဲ့ ခင်တယ်ဆိုတာတော့ ဟုတ်ပါတယ်၊ အမြဲတော့မဟုတ်ဘူးပေါ့လေ။ ပိုစ့်အကြောင်းလည်းမသိလိုက်ဘူး။ နောက်နေ့ညမှာ ကိုထူးတေဇာက mail ပို့လာလို့ သိလိုက်မှ ၀င်ပြောလိုက်တယ်။ ပြေလည်စေဖို့ အဲ့လောက်ပါပဲ။ လောလောဆယ် နာမည်တော့ ငှားခံလိုက်ရတာပါပဲ။ ning.com ကို မ၀င်တာ တော်တော်ကိုကြာခဲ့ပြီ။ အခုကိစ္စဖြစ်မှာပဲ ၀င်ပြောဖြစ်တယ်။

    ဘလော့ဂ်လောကမှာလည်း ဒီလို ကိစ္စမျိုးကို တားဖို့က ခက်လှတယ်ဗျာ..
    ကိုလင်းဦးပြောသလို ရှုတ်ချဖို့ပဲရှိတော့။

    ZaunG

Leave a comment

* = Required

    • Posts
    • Twitter
    • Flickr
     

    iPhone 4 Is Her...

    Apple

     

    How to install ...

    Tips

     

    If God Were On ...

    Facebook

    ပလူတွေလာနေပြီ :-S

    follow me on
    twitter

    Sorry... I have not set my Flickr
    account up yet
  • Categories

    • Apple
    • Apps
    • Blog
    • Facebook
    • Gadgets
    • Google
    • Malaysia
    • Me
    • Microsoft
    • Mobile Phone
    • Music
      • Music Video
    • My Thoughts
      • Beef-ing
    • News
    • Photography
    • Rumors
    • Speical Event
    • Tips
    • Travel
    • Video
    • Wish List
  • Archives

    • 2010
      • January
      • February
      • March
      • May
      • August
      • September
    • 2009
      • February
      • December

This site is using the Handgloves WordPress Theme
Designed & Developed by George Wiscombe

Subscribe via RSS